After being
reborn I tortured the vicious sister in law 2
စုမုန့် လက်ကိုဆန့်ကာ
ဝေ့ထင်၏လက်မောင်းကို ထိလိုက်သည်။ ကျစ်လစ်နွေးထွေးသည့် သက်ရှိလူသားတစ်ယောက်၏ အပူချိန်ကို
ခံစားလိုက်ရသည်။ သူမ၏ပေါင်ကို လက်ဖြင့်ဆွဲလိမ်လိုက်မိသည်။ သူမ ခန္ဓာကိုယ်ကပူလောင်နေပြီး
နာကျင်မှုက အရာအားလုံးသည်အစစ်အမှန်ဖြစ်ကြောင်းကို ပြသနေသည်။
‘ ဝေ့ထင်
သေတာမဟုတ်ဘူးဟ…. သူမကိုယ်တိုင်လဲ အသက်ရှင်နေတုန်းပဲ …. ‘
သူမ တစ်ဖက်သို့စောင်းငဲ့ကြည့်လိုက်စဉ်
စားပွဲပေါ်တွင်တင်ထားသော သူမ၏ဖုန်းကိုတွေ့လိုက်သည်။ ဖုန်းတွင်ပေါ်နေသည့် အချိန်ကို
သူမကြည့်လိုက်သည်။ သူမ သေဆုံးခဲ့သည့်နှစ်မဟုတ်ဘဲ လွန်ခဲ့သည့် ၅ နှစ်က ရက်စွဲဖြစ်နေသည်။
‘သူမ ပြန်လည်မွေးဖွားလာတာလား
…. ‘
စုမုန့် ပြန်လည်မွေးဖွားလာပြီဖြစ်သည်။
ဝေ့ထင်အား ဖြားယောင်းခဲ့သည့် လွန်ခဲ့သော ၅ နှစ်က အချိန်ကို ပြန်ရောက်နေခြင်းပင်။ ထို့အပြင့်
ထိုညမှာပင် သူမ ကိုယ်ဝန်ရှိသွားခဲ့သည်မဟုတ်ပါလား ….
ဖုန်းအားကြည့်လိုက်၊
သူမကိုယ်သူမဆွဲလိမ်လိုက်၊ သူ့အားလာထိလိုက် ဖြစ်နေသည့် စုမုန့်အားကြည့်ရင်း ဝေ့ထင် ပြောစရာစကားများပျောက်ရှနေသည်။
“…..”
သူ့အားဆွဲဆောင်နေသည့်အမျိုးသမီးသည်
ရုတ်တရက်ချက်ခြင်းပင် ယခုကဲ့သို့ ပုံစံပြောင်းလဲသွားလေသည်။ မူလကအေးစက်နေသော ဝေ့ထင်၏မျက်ဝန်းများသည်
ပို၍အေးစက်လာသည်။ သူက လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။
“ မင်း ဘာလှည့်ကွက်တွေသုံးနေတာလဲ…”
ပြန်လည်မွေးဖွားလာသည်ကို
သိလိုက်သည့် စုမုန့်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်။
‘ပြန်မွေးဖွားလာတာပဲ
… ကောင်းတယ် … သိပ်ကောင်းတာပဲ … ‘
ကောင်းကင်ဘုံက
သူမ၏အရင်ဘဝကို သနားပြီး နောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးလိုက်ပုံပင်။
’ ဝေ့ထင်
… ဝေ့ရွှယ် … နင်တို့မောင်နှစ်မနှစ်ယောက်လုံး တကယ်တော်ကြတယ် … အရင်ဘဝတုန်းက
နင်တို့အသုံးချတာကိုခံခဲ့ရတယ်… ငါ တကယ်မထင်ခဲ့မိဘူး … အခုတော့ အရင်ဘဝကအမှတ်ရစရာတွေနဲ့
ငါပြန်လာပြီ …. ဒီတစ်ခါတော့ ငါနဲ့ငါ့ကလေးအတွက် အဆတစ်ထောင်ပြန်ပေးဆပ်ရမယ် … ‘
“ထွက်သွား…”
စုမုန့်၏မျက်လုံးထဲတွင်
အမုန်းတရာများနှင့်ပြည့်နှက်နေသည်။ သူမခန္ဓာကိုယ်မှ နေထိုင်ရခက်သည့်ခံစားချက်များကို
သည်းခံရင်းအော်ဟစ်လိုက်သည်။
လွန်ခဲ့သည့်
၅ နှစ် ဒီနေ့ညတွင် သူမသည် ဝေ့ရွှယ်၏စကားကိုနားထောင်ပြီး ဆေးတစ်မျိုးကိုသောက်ခဲ့သည်။
ထိုအချိန်တွင် ဝေ့ရွှယ်က သူမနှင့်ဝေ့ထင်တို့နှစ်ယောက်အတွက် ကောင်းမွန်သည့်အကြံပေးခဲ့သည်ဟု
ထင်မှတ်ခဲ့သည်။ ဝေ့ထင်သည် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကို သဘောကျသည်ဟု ဝေ့ရွှယ်ကပြောခဲ့သည်။ သူမတို့နှစ်ယောက်ကြားတွင် ထိုဆက်ဆံရေးရှိနေသ၍ ဝေ့ထင်မှ
သူမအပေါ် စိတ်ရှိနေပေလိမ့်မည်။
ပထမတွင် သူမ
မဝံ့မရဲဖြင့်ဆုံးဖြတ်ရခက်ခဲ့သော်လည်း ဝေ့ရွှယ်သည် ညီမဖြစ်သဖြင့် သူမ၏အကိုအကြောင်းကို
အသိဆုံးဖြစ်ပေလိမ့်မည်။ သူမသည် ဝေ့ထင်အား အရမ်းချစ်သည့်အတွက် ဒီနည်းလမ်းသည် အကောင်းဆုံးဖြစ်မည်ဟု
တွေးခဲ့ပြီး ဒီနေ့ညတွင်သူ့အား ဖြားယောင်းသွေးဆောင်ရန် ကြံစည်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်
သူမ၏အကြံအစည်အောင်မြင်ခဲ့သည်။
“ ဘာလဲ … “
ဝေ့ထင်၏ အမူအရာသည်
ပြောင်းလဲသွားသည့်စုမုန့်၏ အပြုအမူကြောင့် ပို၍အေးစက်လာသည်။ သူက အေးစက်စွာဖြင့်ပြောလိုက်သည်။
“ စုမုန့်
… မင်း ဘာလှည့်ကွက်တွေသုံးနေတာလဲ…”
……………
သူ့အားသွေးဆောင်ရန်
စုမုန့်ဆေးများသုံးခဲ့သည်ကို ဝေ့ထင်သိသည်။ လွန်ခဲ့အသည့်စက္ကန့်အနည်းငယ်ကပင် သူမသည်
အလွန်နာခံမှုရှိပြီး ရှက်တတ်သူတစ်ယောက်ဖြစ်နေခဲ့သည်။
‘ဘာလို့ရုတ်တရက်ပြောင်းလဲသွားပြီး
သူ့ကိုမောင်းထုတ်ရတာလဲ…’
ယခုအချိန်တွင်
စုမုန့်အတော်လေး မသက်မသာခံစားနေရသည်။ ဆေးအာနိသင်သည် အလွန်ပြင်းထန်သည့်အတွက် သူမ ဆက်မထိန်းထားနိုင်တော့ပေ။
သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်နေပြီဖြစ်သည်။
ထိုအချိန်တွင် စုမုန့်၏မျက်နှာတစ်ခုတည်းသာနီရဲနေသည်မဟုတ် သူမ၏ဖြူဖွေးသောခန္ဓာကိုယ်တစ်ခုလုံးသည်
အနီရောင်ဖျော့ဖျော့လေးပင်သန်းလို့နေသည်။ သူမ၏ ယခုပုံစံသည် အလွန်ပင်ချစ်စဖွယ်ကောင်းနေတော့သည်။
သူမ၏နဖူးပေါ်တွင်ချွေးများဖြင့်ဖုံးလွှမ်းနေပြီး
သူမအောက်ရှိအိပ်ယာခင်းကို လက်အစုံဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ သူမ ဝေ့ထင်အားပြောလိုက်သည်။
“ ဘာြဖစ်နေတာလဲ
အကြီးဆုံးသခင်လေးဝေ့ …… ရှင်အခန်းထဲက ထွက်မသွားချင်ဘူးလို့ ကျွန်မကိုမပြောနဲ့နော်…
ရှင် ကျွန်မနဲ့အတူတူ xxx ချင်လို့လား
… “
ဝေ့ထင် စုမုန့်အား
မျက်မှောင်ကြုတ်ကြည့်ပြီး ဘာမှပြန်မပြောပေ။ စုမုန့်မျက်ဝန်းအစုံသည် အမုန်းတရားများဖြင့်
ပြည့်နှက်နေသည့်အတွက် သူမ ခက်ခက်ခဲခဲ ကစားချင်နေတာမဟုတ်မှန်း ပြောနိုင်သည်။
‘ဘာဖြစ်သွားတာလဲ
စုမုန့်က သူ့ကိုတကယ်ပဲမုန်းနေတာလား ‘
“ထွက်သွား…
“
ယခင်ဘဝမှ
အမုန်းတရားများနှင့် ယခုသူမခန္ဓာကိုယ်မှ ထူးဆန်းသည့်ခံစားချက်များကြောင့် မေ့လဲကျမတတ်ဖြစ်နေသည်။
ဒီတစ်ချိန်မှာတော့ အရင်ဘဝတုန်းကအတိုင်း သူမပြုမူတော့မည် မဟုတ်ပေ။ ထို့ကြောင့် အနာဂါတ်တွင်မည်သို့ဖြစ်လာမည်မသိသော်လည်း
သူမအနေဖြင့် ယနေ့ညကို အောင်မြင်စွာဖြတ်ကျော်နိုင်မှဖြစ်မည်။
ဝေ့ထင် “
….. “
‘ ဒီမိန်းမဦးနှောက်က
တစ်ခုခုမှားနေတာလား … ‘
သူမဆီမှ ကန်ထုတ်ခံရသည်ကို
သဘောမကျသော်လည်း ဒီနေရာတွင်ဆက်နေပါက ကောင်းကျိုးတစ်ခုမှ မရမည်ကိုသိသာလှသည်။ ထို့အပြင်
သူသည် လူယုတ်မာတစ်ယောက်မဟုတ်ပေ။ ယခုကဲ့သို့ဆက်ဆံခံရပြီးနောက် သူ၏မျက်နှာသည် ရေခဲကဲ့သို့အေးစက်နေသည်။
ထို့နောက် တဖက်သို့လှည့်ကာ အခန်းတံခါးကို အသံမြည်အောင်ပိတ်ပြီး ထွက်သွားတော့သည်။
ဝေ့ထင် ထွက်သွားသည်ကိုကြည့်ပြီးနောက်
သူမရေချိုးခန်းထဲသို့သွားရန် ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်။ သူမ ရေကိုအအေးဆုံးလှည့်ပြီးဖွင့်လိုက်သည်။
ထို့နောက် ကြွေပြားပေါ်တွင်ထိုင်ကာ ရေအေးတိုက်ရိုက်ခံလိုက်သည်။ အေးမြသောရေအောက်တွင်
သူမ၏ခန္ဓာကိုယ်ရှိအပူချိန်သည် သိသာစွာလျော့ပါးသွားသည်။
အတိတ်ဘဝမှ
သူမ၏ကလေးနှင့်အတွေ့အကြုံများကို ပြန်လည်တွေးတောမိပြီး နှလုံးသားထဲမှနာကျင်လာသည်။ သူမကိုယ်ပေါ်ကျဆင်းနေသည့်
ရေစက်များနှင့်အတူ မျက်ရည်များပါရောထွေးကျလာတော့သည်။
ယခု ဝေ့ထင်ကိုငြင်းဆန်လိုက်သည့်အတွက်
သူမ၏ကလေးလေးသည် သူမထံရောက်မလာနိုင်တော့ပေ။ ဒါသည်လည်း တစ်မျိုးကောင်းသည်ဟု သူမတွေးမိသည်။
မဟုတ်ပါက ထိုကလေးလေးသည် သူမနှင့်ဝေ့ထင်၏ ပျက်စီးနေသည့်ဆက်ဆံရေးကြောင့် နာကျင်ရပေလိမ့်မည်။
ကောင်းမွန်သည့် မိသားစုတစ်ခုထံတွင်သာ ပြန်လည်ဝင်စားနိုင်ရန် သူမမျှော်လင့်မိပြီး အရင်ဘဝမှ
နာကျင်မှုများကို ထပ်ခံစားရတော့မည်မဟုတ်ပေ။
စုမုန့် ငိုချင်သော်လည်း
အသံမထွက်နိုင်ပေ။ သူမ၏လက်မောင်းကိုသာ အားဖြင့်ကိုက်ထားမိသည့်အတွက် သွေးများပင်ထွက်စပြုလာသည်။
ရေသံများအောက်မှ သူမ၏ရှိုက်သံသည် တိုးတိတ်စွာထွက်ပေါ်နေပြီး အခန်းအပြင်မှကြားနိုင်မည်မဟုတ်ပေ။
သူမ အားရအောင်ငိုပြီးနောက်
ရေချိုးလိုက်သည့်အတွက် ခန္ဓာကိုယ်ရှိ မသက်မသာခံစားမှုများ သက်သာသွားသည်။ သူမခန္ဓာကိုယ်ကို
ခြောက်သွေ့အောင်လုပ်ပြီးနောက် ရေချိုးခန်းထဲမှထွက်လာသည်။ သူမကိုယ်ကိုသဘက်ဖြင့်ပတ်ပြီးနောက်
စောင်အောက်သို့တွားသွားဝင်လိုက်သည်။ အချိန်အတော်ကြာ ခက်ခက်ခဲခဲကြိုးစားပြီးနောက် တဖြည်းဖြည်းအိပ်ပျော်သွားသည်။
…………
နောက်တစ်နေ့
မနက်တွင် ဆူညံသည့်တံခါးခေါက်သံကြောင့် သူမ နိုးလာသည်။ ဝေ့ရွှယ်သည် စိတ်လှုပ်ရှားစွာဖြင့်တံခါးဝတွင်ရပ်နေပြီး
သူမအားနှုတ်ဆက်လာသည်။
“ယောင်းမ
… ယောင်းမ… ဘယ်လိုနေလဲ … တံခါးကိုမြန်မြန်လေးဖွင့်ပါဦး … “
စုမုန့် အဝတ်အစားဝတ်ကာ
လက်မောင်းပေါ်မှ သူမ၏သွားရာကိုဖုံးလိုက်သည်။ သူမ၏ခံစားချက်များကို ထိန်းချုပ်ပြီးနောက်
တံခါးဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့်
တပြိုင်နက် စိုးရိမ်တကြီးဖြစ်နေသော ဝေ့ရွှယ်၏မျက်နှာကို တွေ့လိုက်ရသည်။
“ ယောင်းမ
… အခြေအနေဘယ်လိုလဲ …. အောင်မြင်သွားလား … “
ဝေ့ရွှယ်၏
ယောင်းမချင်းထပ်နေသည့် စကားကြောင့် သူမစိတ်ထဲမှလှောင်ရယ်လိုက်မိသည်။
’ ဝေ့ရွှယ်
… တကယ်တော့ နင်ကအရမ်းရွံ့ဖို့ကောင်းတာပဲ … ငါ့သာပြန်မွေးဖွားမလာဘူးဆိုရင် နင့်ရဲ့တကယ့်မျက်နှာကို
ရှာတွေ့မှာမဟုတ်ဘူး … ‘
ဝေ့ရွှယ်၏
ဟန်ဆောင်အကြည့်ကိုကြည့်ရင်း အတိတ်မှသူမနှင့်ကလေးလေးအတွက် သတ်ချင်လာမိသည်။ သို့သော်
ဝေ့ရွှယ်အားသတ်လိုက်ခြင်းက သူမ၏အမုန်းတရားကိုအပြီးသက်သာသွားမည်မဟုတ်ပေ။ သူမ ဝေ့ရွှယ်အား
တစ်စစီစုတ်ဖြဲချင်သည်။ လူတိုင်းကို ဝေ့ရွှယ်၏မျက်နှာအမှန်အားသိစေချင်သည်။ ထို့နောက်
တဖြည်းဖြည်း စိတ်ပျက်အားငယ်စွာဖြင့် သေဆုံးစေချင်သည်။
‘ဝေ့ရွှယ်
…. ငါနောက်တစ်ခါ နင်လှည့်စားတာကိုခံမှာမဟုတ်တော့ဘူး … ‘
စုမုန့် သူမမျက်လုံးထဲမှ
မုန်းတီးရွံ့ရှာမှုများကို ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။ သူမ သနားစရာကောင်းသည့်အမူအရာဖြင့်
ခေါင်းခါပြလိုက်သည်။
ထိုအခြေအနေကိုကြည့်ပြီး
ဝေ့ရွှယ်၏စိုးရိမ်မှုများမြင့်တက်လာသည်။
“ ယောင်းမ
… နင်နဲ့ငါ့အကို မနေ့ညကဘာမှမဖြစ်သွားဘူးလား … ငါ့အကိုက နင့်ကိုအနိုင်ကျင့်လိုက်လို့လား
… “
ဝေ့ရွှယ်၏မျက်နှာပေါ်တွင်
စိုးရိမ်မှုအပြည့်နှင့်ဖြစ်သော်လည်း အတွင်းမှာတော့ ငန်းအသားကိုစားချင်သည့် စုမုန့်အား
ကျိန်ဆဲနေတော့သည်။
စုမုန့် စိတ်ဓါတ်ကျချင်ယောင်ဆောင်ပြီး
ပြောလိုက်သည်။
“ နင့်အကိုက
ငါ့ကိုလုံးဝသဘောမကျဘူးနဲ့ တူပါတယ် … မနေ့ညက ငါ့ဘက်ကအရင်စခဲ့ပေမယ့် သူက ငါ့ကိုထိတောင်မထိဘူးလေ
…. နောက်ဆုံးတော့ အခန်းထဲကထွက်သွားပြီး ငါ့ကိုတစ်ယောက်တည်းထားခဲ့တယ် … “
ဝေ့ရွှယ်
သူမကိုနှစ်သိမ့်လိုက်သည်။
‘’ယောင်းမရယ်
… အဲ့လောက်လဲ စိတ်ဓါတ်ကျမသွားပါနဲ့ … ငါ့အကိုအကြောင်းကို ငါအသိဆုံး… သူအရမ်းစိုးရိမ်စိတ်တွေများသွားလို့ဖြစ်မယ်
… ဒီလိုလုပ်ပါလား … နောက်တစ်ခေါက်ကျရင် ဆေးကိုနင်ပဲမသောက်နဲ့ …. သူ့ပါတိုက်လိုက်
…. အဲ့လိုဆိုရင် ခုလိုအမှားအယွင်းဖြစ်မှာမဟုတ်တော့ဘူး … နင် တစ်ကြိမ်လောက်အောင်မြင်သွားတာနဲ့
ငါ့အစ်ကိုနဲ့ဆက်ဆံရေးက အနာဂတ်မှာ ပိုကောင်းလာလိမ့်မယ် … “
“ သူငါ့ကို
အဲ့ကိစ္စကြောင့်အပြစ်တင်မလားမသိဘူးနော် … “
စုမုန့်သံသယစိတ်ဖြင့်
မျက်လုံးလေးပြူးကာမေးလိုက်သည်။ ဝေ့ရွှယ်၏မျက်ဝန်းထဲတွင် သူမအားရွံရှာခြင်း အထင်သေးခြင်းများဖြင့်ပြည့်နှက်နေသည်ကို
စုမုန့်မြင်နေရသည်။ သို့သော် သူမအားဝေ့ရွှယ်ယုံကြည်စေရန် ဆက်လက်သရုပ်ဆောင်နေရသည်။
‘’အပြစ်တင်စရာလား ယောင်းမရယ် … ငါတို့ရဲ့ဆက်ဆံရေးကိုလဲကြည့်ဦးလေ
… နင့်ကိုလိမ်စရာလား … ငါ့ကိုယုံလိုက်စမ်းပါ
… “
‘ နင်က မလိမ်ဘူးဟုတ်လား
… အဲ့လိုကြောင့်ပဲ ငါ့နဲ့ငါ့ကလေးလေးပါ အရင်ဘဝကသေခဲ့ရတာလေ … ‘