ONGOING

Testing Novel

Author: Wai Linn Kyaw (wlk)

Viewers

35

Chapters

1

ONGOING

Testing Novel

Author: Wai Linn Kyaw (wlk)

Viewers:

35

Chapters

1


ထိုင်းနိုင်ငံရဲ့ ဆိုက်ဘာမှုခင်း စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) ကနေ စုံစမ်းဖော်ထုတ်နေတဲ့ “လိမ်လည်လှည့်စားသူတွေကို အမဲလိုက်ခြင်း” လို့ အမည်ရတဲ့ စစ်ဆင်ရေးမှာ ဖမ်းဆီးထားသူတွေထဲ မြန်မာအမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း မနေ့ သြဂုတ် ၁၇ ရက်ကပြုလုပ်တဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သံသယရှိတဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီးကို ဘန်ကောက်မြို့လယ်ဖြစ်တဲ့ ရာမ ၉ လမ်း၊ Asok မှာတည်ရှိတဲ့ ဇိမ်ခံကွန်ဒိုမှာ ဖမ်းဆီးရမိတာဖြစ်ပြီး ငွေသား ဘတ် ၄ ဒသမ ၄ သန်းအပါအဝင် ဘဏ်စာအုပ် ၁၇ အုပ်၊ ATM ကတ် ၂၀ နဲ့ နာမည်ကြီးအမှတ်တံဆိပ်လက်ကိုင်အိတ်တွေကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။

မနန်းမိုးမိုးအေးဟာ ကွန်ပျူတာအချက်အလက်တွေကို ထိန်းချုပ်ကာ တစုံတယောက် ဒါမှမဟုတ် အများပြည်သူကို ထိခိုက်အောင်လုပ်ဆောင်တာအပါအဝင် ငွေကြေးခဝါချမှု ကျူးလွန်ဖို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာကြောင့် သူ့ကို ခွန်ကန်ခရိုင် (Khon Kaen) တရားရုံးမှာ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုနဲ့ တိုင်ကြားထားပါတယ်။

ဒါဟာ ထိုင်းနိုင်ငံတဝန်းက ၂၉ နေရာကို ဝင်ရောက်စီးနင်းပြီး ထိုင်းရဲတွေ ဖော်ထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေ ကြိုးကိုင်တဲ့ Call Center လုပ်ငန်းတွေကတစ်ဆင့် ကြီးမားတဲ့ငွေကြေးလိမ်လည်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ ဖမ်းဆီးမှုတွေထဲက တစ်ခုဖြစ်ပါတယ်။

ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းက ပို့လိုက်တဲ့ ပါဆယ်ထုတ်ကို မသင်္ကာလို့ စစ်ဆေးရာကနေ ဒီအမှုကို ဖော်ထုတ်ခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဲဒီနောက် သြဂုတ် ၁၂ ရက်နေ့မှာ ငွေကြေးလိမ်လည်ဂိုဏ်းရဲ့ ငွေစာရင်းတာဝန်ခံတွေအပါအဝင် တရားခံ ၁၀ ဦးကို ကနဦးဖမ်းဆီးရမိပြီးနောက် ဘန်ကောက်၊ ပထုမ်သာနီ၊ ချောင်ဘူရီစတဲ့ မြို့သုံးမြို့က သံသယရှိသူတွေရဲ့ နေရာကို မနေ့က စီးနင်းခဲ့တာလို့ CCIB က ပြောပါတယ်။

ဒီလိုကွင်းဆက်လိုက်လံဖမ်းဆီးရာကနေ ဘန်ကောက်မြို့ပေါ်မှာ အဲဒီမြန်မာအမျိုးသမီးကိုပါ ဆက်ဖမ်းဆီး မိခဲ့တာဖြစ်ပါတယ်။ ဒီငွေလိမ်ဂိုဏ်းဟာ ၂၀၂၂ နှစ်ကုန်ပိုင်းကနေ အခုထိ ဘတ်သန်း ၃၀၀ ကျော် လိမ်လည်ထားတယ်လို့ CCIB ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောသွားပါတယ်။


Reviews

Hello
18 Aug, 2023
Hello
18 Aug, 2023
Hello
18 Aug, 2023
Hello
18 Aug, 2023
Hello
18 Aug, 2023
Hello
18 Aug, 2023