ONGOING

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောင်းမလေးကိုနှိပ်စက်မယ်

Author: Wai Linn Kyaw (wlk)

Viewers

57

Chapters

2

ONGOING

ပြန်လည်မွေးဖွားပြီးအကျင့်ပုပ်တဲ့ယောင်းမလေးကိုနှိပ်စက်မယ်

Author: Wai Linn Kyaw (wlk)

Viewers:

57

Chapters

2


After being reborn I tortured the vicious sister in law Description

စုမုန့်သည် အတိတ်ဘဝတွင် ဝေ့ထင်နှင့်လက်ထပ်ခဲ့ပြီး သူ၏နှလုံးသားကို သူမ၏သည်းခံနိုင်မှု စိတ်ရှည်မှုများဖြင့် အနိုင်ရလိမ့်မည်ဟုထင်မှတ်ခဲ့သည်။ ထို့အတွက်ကြောင့်ပင် သူမသည် ဝေ့ထင်၏ညီမလေး ဝေ့ရွှယ်ကိုပင် မြှောက်ပင့်ကပ်ဖားခဲ့ရသည်။ ဝေ့ရွှယ်ကပြောလိုက်သည်။

‘’ ဝေ့ထင်က မိတ်ကပ်လိမ်းတဲ့မိန်းကလေးတွေကို မကြိုက်ဘူး’’

ထို့ကြောင့် စုမုန့်သည် အိမ်အကူတစ်ယောက်ကဲ့သို့ ပြင်ဆင်ခြင်းမရှိနေထိုင်ခဲ့သော်လည်း ဝေ့ရွှယ်ကမူ မင်းသမီးတစ်ပါးကဲ့သို့ နေထိုင်ခဲ့သည်။ ဝေ့ရွယ်ကပြောလိုက်သည်။

‘’ ဝေ့ထင်က နို့သောက်ရတာကြိုက်တယ်…‘’

ထို့ကြောင့်ပင် စုမုန့်သည် ဝေ့ထင်အတွက် နေ့စဉ် နို့တစ်ခွက်ပြင်ဆင်ပေးခဲ့သည်။ သို့သော် ဝေ့ထင်က မသောက်ခဲ့ပေ။ ဝေ့ရွယ်ကပြောလိုက်သည်။ ‘’ ဝေ့ထင်က လတ်ဆတ်တဲ့ပန်းအစစ်တွေကို သဘောကျတယ်’’

ထို့ကြောင့် စုမုန့်သည် ဝေ့ထင်မွေးနေ့တွင် တစ်ခန်းလုံးကို ပန်းအစစ်များဖြင့်အလှဆင်ခဲ့သည်။ သို့သော် ဝေ့ထင်သည်အခန့်တံခါးဝမှ အမြဲလှည့်ထွက်သွားလေ့ရှိသည်။ သူမတို့ လက်ထပ်ပြီးကတည်းက ဝေ့ထင်သည် စုမုန့်နှင့်တစ်ခါမှ သူ၏မွေးနေ့ပွဲကိုမကျင်းပခဲ့ပေ။ တစ်နေ့တွင် ဝေ့ရွယ်ကပြောသည်။

'’ အကိုဝေ့ထင်အစား နင့်ကလေးကို ငါသတ်ခဲ့တာ… နင့်ကလေးနဲ့အတူတူ အဖော်ရဖို့ အခုငါနင့်ကို ငရဲပို့ပေးမယ်… အိုး… ဒါနဲ့ နင့်ကိုပြောဖို့ငါမေ့နေတာ … ငါကို ဝေ့မိသားစုကမွေးစားခဲ့တာ … အဲ့ဒါကြောင့် အကိုဝေ့ထင်နဲ့ငါက သွေးသားတော်စပ်မှုမရှိဘူး … ငါသူ့ကိုချစ်သလို သူကလဲငါ့ကိုချစ်တယ်…’’

စုမုန့် သေဆုံးပြီးနောက် ပြန်နိုးလာသည့်အချိန်တွင် လွန်ခဲ့သည့် ၅ နှစ်က ထိုညသို့ပြန်ရောက်နေကြောင်း သိလိုက်ရသည်။ ထိုညတွင် သူမ ဝေ့ထင်နှင့်ကိုယ်ဝန်ရခဲ့သည်။ အရင်ကရှိခဲ့သည့် သူမ၏နာခံတတ်မှု သည်းခံတတ်မှုများ ပျောက်ကွယ်သွားပြီး ဝေ့ထင်အားစိုက်ကြည့်ကာ အေးစက်သည့်နားကျည်းသောလေသံဖြင့် ပြောလိုက်သည်။

‘’ထွက်သွား…’’

ဝေ့ထင် မယုံကြည်နိုင်ဖြစ်သွားသည်။ သူ့အားဖြားယောင်းခဲ့သူမှာ သူမသာဖြစ်ပြီး ဘာကြောင့်ရုတ်တစ်ရက် စိမ်းကားသွားသည်ကို နားမလည်ဖြစ်သွားသည်။ နောက်တစ်နေ့တွင် ဝေ့ရွှယ်သည် အပြုံးတုဖြင့် စုမုန့်ရှေ့တွင်ထွက်ပေါ်လာသည်။ သို့သော် အရာအားလုံးကိုတွေ့ကြုံထားသည့် စုမုန့်အနေဖြင့် နောက်တစ်ကြိမ်အလှည့်စားခံမည်မဟုတ်ပေ။ ဒီဘဝမှာတော့ စုမုန့်တစ်ယောက် သူမအတွက်သာအသက်ရှင်သန်ပြီး သူမနှင့်သူမ၏ကလေးအတွက် လက်စားချေပေတော့မည်။

‘’ ယောကျာ်းလား…. သွားစမ်းပါ… ဝေ့ရွယ်… နင် ဒီဘဝမှာတော့ ပြန်ပေးဆပ်ရမယ် ‘’


Reviews

အပိုင်း ၂
09 Aug, 2023
အပိုင်း ၁
09 Aug, 2023
အပိုင်း ၂
09 Aug, 2023
အပိုင်း ၁
09 Aug, 2023
အပိုင်း ၂
09 Aug, 2023
အပိုင်း ၁
09 Aug, 2023
အပိုင်း ၁
09 Aug, 2023
အပိုင်း ၂
09 Aug, 2023
အပိုင်း ၁
09 Aug, 2023
အပိုင်း ၂
09 Aug, 2023
အပိုင်း ၁
09 Aug, 2023
အပိုင်း ၂
09 Aug, 2023